မင်္ဂလာပါခမျာ..ရောက်လာကြသော လာဖတ်သူအားလုံးကို ကြိုဆိုပါတယ်ခင်မျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Sunday, December 1, 2013

ဒီစာကိုဖတ်လိုက်ရလို့ စိတ်လေးအနည်းငယ် သက်သာရာ ရသွားတယ်

ဒီစာကိုဖတ်လိုက်ရလို့ စိတ်လေးအနည်းငယ် သက်သာရာ ရသွားတယ်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

တရုတ်ပြည်က တွေးခေါ်ပညာရှင်ကြီး ကွန်ဖြူးရှပ် သက်ရှိထင်ရှား ရှိစဉ် အချိန်အခါက...
တနေ့ ညနေကျတော့ သူလမ်းလျှောက်ထွက်တယ်။ လမ်းမှာ ကလေး၂ယောက်နဲ့တွေ့တဲ့အခါ
ပထမကလေးက အရင်ပြောတယ်။ "ကွန်ဖြူးရှပ်.. ခင်ဗျားက အရမ်းတော်တဲ့သူပဲ။ အရာရာမှာ စဉ်းစားတွေးခေါ်တတ်တယ်။ ကောင်းရာကိုညွှန်ပြတတ်တယ်။ လူတွေက ခင်ဗျားဆို လေးစားကြတယ်။ ခင်ဗျားက သိပ်ကို အထင်ကြီးလေးစားဖို့ကောင်းတဲ့သူပဲ" ဆိုပြီး ချီးကျူးတယ် တဲ့။ အဲဒီတော့ ကွန်ဖြူးရှပ် က ကလေးကို ပြုံးပြီးကြည့်နေတယ်။ ဘာမှပြန်မပြောဘူး။ အဲဒီအချိန်မှာပဲ ဒုတိယကလေးတစ်ယောက် ဆက်ပြောပြန်ရော။ "ကွန်ဖြူးရှပ်.. ခင်ဗျားက အာပလာကောင်ကြီးပါဗျာ.. လူတွေက ခင်ဗျားကို စွတ်အထင်ကြီးနေကြတာ တကယ်တမ်းတော့ ခင်ဗျားက သိတဲ့တတ်တဲ့သူမဟုတ်ပါဘူး။ အလကားပါဗျာ" လို့ ကဲ့ရဲ့တယ်..တဲ့။ အဲဒီကလေးကိုလဲ ကွန်ဖြူးရှပ် က ပြုံးပြီးကြည့်နေတယ်။ ပြီးတော့ သူ့လမ်းသူ ဆက်လျှောက်သွားတယ်။ အဲဒီအဖြစ်အပျက်ကို အစအဆုံးမြင်လိုက်တဲ့ လူကြီးတစ်ယောက်က ကွန်ဖြူးရှပ် နား ကပ်သွားပြီး မေးတယ် ။ "ခင်ဗျားက ခင်ဗျားကို ချီးမွမ်းတဲ့ကလေး ကိုကော ကဲ့ရဲ့တဲ့ကလေးကိုပါ ဘာမှပြန်မပြောပါလား။ ဘာဖြစ်လို့လဲဗျ" ဆိုတော့ ကွန်ဖြူးရှပ် က ပြုံးပြီး ဒီလိုလေးပြန်ပြောတယ်။

"သူတို့တွေ ချီးမွမ်းသည်ဖြစ်စေ ကဲ့ရဲ့သည်ဖြစ်စေ။ ငါ့ရဲ့ နဂိုမူလ အရည်အချင်းကို ထိခိုက်မသွားဘူး။ ချီးမွမ်းတာကို မြှောက်နေလို့လဲ တိုးတက်လာမှာမဟုတ်သလို ကဲ့ရဲ့တာကို ခံစားနေလို့လဲ ဘဝက နိမ့်ကျမသွားပါဘူး။ နေတတ်ဖို့ပဲလိုပါတယ်။ နောက်ပြီး ကလေးစကားတွေ ဖြစ်တဲ့အတွက် အထအနကောက်ပြီးဗွေယူလို့လဲ မသင့်ဘူး။ ချီးမွမ်းခံရဖို့ ကဲ့ရဲ့မခံရဖို့ အလုပ်လုပ်နေကြတာမဟုတ်ပဲ။ တတ်စွမ်းသမျှလေး အကျိုးပြုနေကြတာပဲကွာ" တဲ့။

ဟုတ်ပါတယ်.. လူ့သဘာဝဆိုတာ ချီးကျူး ၇ နစ်ရက် ကဲ့ရဲ့ ၇ နစ်ရက်ပါ.. အထင်ကြီးလေးစားခံနေရတဲ့ချိန်မှာလဲ မြောက်မနေသလို ဝေဖန် ပြစ်တင် ရုံ့ချခံနေရချိန်မှာလဲ စိတ်ဓတ်ကျ အားငယ်မနေတက်ပါဘူး.. မောင်ကျား အတွက် ပိုနေမြဲ ကျားနေမြဲပါပဲ..

No comments: