မင်္ဂလာပါခမျာ..ရောက်လာကြသော လာဖတ်သူအားလုံးကို ကြိုဆိုပါတယ်ခင်မျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
Wednesday, October 30, 2019
Monday, December 22, 2014
ပေါ့ပေါ့ပါးပါးပဲ
သာမန်ပဲ၊ သာမန်ကာ လျှံကာပဲ
တော်ရုံတန်ရုံပဲ၊ အမှန်အကန်ပဲ၊ လေဖမ်း ဒန်းစီးတာပဲ
ပြောပြီးသားတွေ ထပ်ထပ်ပြီး ပြောနေတာပဲ
ပေးပြီးသား ကတိဟာ ထွက်ပြီးသား ဆင်စွယ်ပဲ၊ ဖြတ်ရောင်းချင် ရောင်းဖို့ပဲ
ဟာသအသစ်တွေ ဘောင်မဝင်သေးလို့ ဟာသအဟောင်းတွေ ဘောင်ထဲက ထွက်မရသေးတာပဲ
အကွက်သဘော မဆောင်ရင် မျဉ်းသဘော ဆောင်တာပဲ
နှစ်ခုအနက်တစ်ခုကို ရွေးတယ်ဆိုရင် ကျန်တစ်ခုကို ပယ်လိုက်တာနဲ့ အတူတူပဲ
အဲဒီတော့ ခက်တော့ ခက်တာပဲ
အဖြေမှန်ကို မရမချင်း ရိုက်နှက် စစ်ဆေးကြသည် ဆိုတာမျိုးပဲ
ဟိုလူပြောသလို တော်လှန်ရေးဟာ ဖရဲသီးကို ထက်ခြမ်း ခွဲလိုက်တာဆိုပဲ
မသန်စွမ်းပြေးပွဲမှာ ကိုယ်က ချန်ပီယံဆုကို မျှော်မှန်းတာမျိုးပဲ
အကြည့်ချင်းဆုံရာက စတင် ချစ်မိသွားတာပဲ
စတင် ချစ်မိသွားပြီးတဲ့နောက် အကြည့်ချင်း ဆုံဖို့အတွက် အချိန် လုရတော့တာပဲ
သင်ခန်းစာလေးတွေ ကျော်ပြီးရင် ပင်မ သင်ခန်းစာထဲမှာတော့ ထပ်ထပ် ကျော့နေတုန်းပဲ
ဆိုလိုတာက ပေါလော မျောနေတဲ့အခါ တဝဲလည်လည်ပဲ
ကိုယ့်လူက ရယ်ဒီကယ်လက်သစ်ပဲ
အစွန်းရောက်တော့ အရောက်စောတာပဲ
အလယ်လူဆိုတော့ လူလည်ပဲ
ပြတ်ပြတ်ပြောလို့မရတော့ ဖတ်ဖတ် မောတာပဲ
အဖြေတွေ့ပေမယ့်လည်း တွေ့တဲ့ အဖြေက တစ်ခါသုံးပဲ
ကလေးကကြီးရင် ကလေးကြီးပဲ
ကလေးကြီးက မိန့်ခွန်းပြောတော့ သူပြောတာက ကလေးကြိုက်ပဲ
လူတွေအားလုံး ငွေနောက် လိုက်ကြတာပဲ
လူတွေအားလုံး ရာသီစာနောက် လိုက်ကြတာပဲ
လူတွေအားလုံး မျက်စိနဲ့မြင်ရတာတွေနောက် လိုက်ကြတာပဲ
လူတွေအားလုံး လူတွေအားလုံးနောက် လိုက်ကြတာပဲ
လူတွေအားလုံး ဘာမဆိုနောက် လျှောက်လိုက်တာပဲ
ဘာရယ် ညာရယ် မဟုတ် ဟေးလား ဝါးလား ပွဲကျသွားရင် ပြီးတာပဲ
နဂိုကတည်းက ရူးပြီးသား သွက်သွက်ခါသွားရင် နားအေးတာပဲ
အရူး စကားပြော၊ အရူး ကွက်နင်း၊ အရူးကတော့ သူ့ကိုယ်သူ နပိုလီယန်ပဲ
နုတ်ခမ်းပဲ့ချင်း မီးမှုတ်၊ သူတောင်းစားချင်း ခွက်စောင်းခုတ်ကြရမှာ ဓမ္မတာပဲ
မင်းမိုက်ရင် ငါ့အဖက်ကို ခြေထောက်နဲ့ ဝင်နင်းကြည့်စမ်းတွေ ဘာတွေပဲ
ပယ်နယ်တီ ဧရိယာအတွင်းက မာယာများသော ကစားသမား သက်သက်ပဲ
သက်သက် ဆိုပေမယ့် သူ့ခမျာ သက်တောင့် သက်သာပဲ
အေးအေး လူလူပဲ၊ ရောကော သောကောပဲ၊ ကိုယ်လည်းမင်းလို လိုတာမရ ရတာမလို
ဒီနေ့ပြောသမျှ စကား အပိုတွေချည်းပဲ ။
နေဝိုင်ဝိုင်

Friday, October 10, 2014
သောက်သုံးမကျတဲ့နှင်းဆီ
*****************************
သက္ကရာဇ်တွေကို ရိုက်ချိုး
အပိုးကျိုးနေခဲ့တာ ကြာပေါ့
ငါ့ကို အရူးလို့ခေါ်နေသမျှ
ဆက်ပြီး ရူးနေရဦးမှာပဲ
ဘ၀က နှင်းဆီပွင့်လို
အဆူးတွေကြားထဲ ငုပ်တုပ်
တုပ်တုပ်မလှုပ်ခဲ့တာ အတော်ကြာခဲ့။
ငါသေချင်စော် နံနေခဲ့တာတွေ..
ဖြစ်လေရာဘ၀ တိုင်း
အားလုံးက ပြစ်ပယ်ထားသူမဖြစ်ရပါလို၏
ဘုရားမှာ နေ့တိုင်းဆုတောင်းခဲ့။
အရာရာကို နိဂုံးချုပ်လိုက်တော့
ငါ့ဘ၀က ဒီထက်ကြေကွဲဝမ်းနည်းဘွယ်မရှိတော
ငါ သောက်သုံးမကျတဲ့နှင်းဆီတစ်ပွင့်
လူကြီးတွေသွန်သင်ခဲ့သမျှ
ကိုယ့်ကိုကိုယ်နာခံ နှိမ့်ချ နေခဲ့ရတာ
အရာရာဟာ ဘာတစ်ခုမှ ထပ်တူမကျခဲ့
အနိမ့်အမြင့်တွေကြား ဗျာများရင်း
ဒီခရီးကို ဆက်ဘို့
ကိုယ့်ဖိနပ်က သဲကြိုးကိုပဲ ပြန်ပြန်တပ်နေခဲ့ရတယ်။
ငါ.... ဘ၀လမ်းခရီးမှာ...။
လိုအင်
ည
လကွေး
ခဏလေးမှေးချင်တာ
ခြိမ်းခြောက်နေတဲ့ မိုးစက်တွေကြားမှာ။
ကျိုးတို့ကျဲတဲ ခေါင်မိုးဆီက မိုးပေါက်တို့ရဲ့ ခြေသံများ
သစ်ကိုင်းခြောက်တို့ရဲ့ အံကြိတ်သံများ
မိုးခြိမ်းမှာကို ကြောက်နေမိတယ်။
ကျေးဇူးပြုပြီး ...
မိုးစက်တို့ ငါ့မျက်နှာပေါ် "က ခုန်"နေတာတွေရပ်ပေးကြပါ။
ည
လကွေး
ခဏလေးမှေးချင်တာ.......။
ခဏလေးမှေးချင်လို့ပါ.........။

လက်တစ်ကမ်း
*********************
မပီကလာ မိုးက
တီတီတာတာ ရွာချလို့
ငါ့ရှေ့က ဗွက်အိုင်က ခုထိမိုးမျှော်တုန်း
ချောင်းထဲမှာ ရေတွေလွှမ်းလည်း
ငါ့ စိတ်ဓါတ်တွေက ခြောက်ခန်း
စံမြန်းနေတဲ့ ငါ့အိပ်မက်က ခက်လန်းလန်း
မမြင်မကမ်း
ဆင်ခြင်အခန်းမှ ရပ်လို့
တွေဝေစမ်း ဒီကောင်ထပ်မံ တွေဝေလိုက်စမ်း
အထွေအထွေ စခန်းချခဲ့တာ
အခြေအနေက သွေးစမ်းသွားတယ်
ငါသိတယ် ငါတတ်တယ်နဲ့
နောက်ဆုံးမှာ ငါသွေးထွက်ခဲ့
အမှက်တမဲ့ လုပ်ရက်တဲ့ ဒီမိုး
ငါတကယ်ကို ဥာဏ်တုံး
ငါဥာဏ်တုံးနေတာ။
တွေဝေမဆုံး
အတုံးအရုန်း ကျနတဲ့ စိတ်
လမ်းထိပ်မှာ စောင့်နေတဲ့အရိပ်
တိတ်တဆိတ် မီးခိုးတိတ်
ဂိတ်ဆုံးမှာတော့ ငါဟာ အဟိတ်။
အဟိတ်တရိစ္ဆာန်တကောင်လို အလူးအလိမ့်။
အနိမ့် ..
ငါ့စိတ်ဓါက်တွေဟာ အနိမ့်
ငါ့အမြင်တွေဟာ အနိမ့်
ငါ အိပ်မက်တွေဟာ အနိမ့်
ငါမျှော်လင့်ချက်တွေဟာ အနိမ့်
★ စိတ်ထားတတ်မှ စိတ်ချမ်းသာမယ်★
ယောနိသောမရှိတဲ့သူ၊ စိတ်မထားတတ်တဲ့သူဟာ
ကိုယ်ကိုယ်တိုင်လည်း စိတ်ချမ်းသာအောင်မနေတတ်သလို
ကိုယ့်ပတ်ဝန်းကျင်ကိုလည်း
စိတ်ချမ်းသာအောင် ဖန်တီးမပေးနိုင်ဘူး ..။
ဒါကြောင့် မိမိရော၊ မိမိ ပတ်ဝန်းကျင်ပါ
စိတ်ချမ်းသာမှု အမြဲ ရှိစေဖို့ အတွက်
လူသားတိုင်း
စိတ်ကျန်းမာရေးကောင်းအောင်
ကြိုးစားဖို့ လိုအပ်လှပါတယ် ..။
သိပ်မခက်ခဲပါဘူး
အရာရာကို ယောနိသောမနသိကာရ ထားလိုက်ယုံပါပဲ ။
စိတ်ထားတတ်ရင် စိတ်ကျန်းမာပါတယ် ။
ယောနိသောမနသိကာရ ဆိုတာ
စိတ်ထားတတ်တာကိုပြောတာပါ ..။
ကောင်းတဲ့အခြေအနေနဲ့ ပဲ တွေ့ တွေ့ ၊
ဆိုးတဲ့ အခြေအနေနဲ့ ပဲ တွေ့ တွေ့ ၊
တွေ့ သမျှ အခြေအနေထဲက ကောင်းတဲ့အချက်ကို
မရရအောင် ရှာကြံတွေ့ ပြီး
စိတ်ချမ်းသာအောင် ထားတတ်တာကို
စိတ်ထားတတ်တယ်လို့ ခေါ်ပါတယ် ။
စိတ်ထားမတတ်ရင်
စိတ်ချမ်းသာစရာနဲ့  တွေ့ နေတာတောင်မှ
စိတ်ဆင်းရဲ နေတတ်ပါတယ် …။
Tuesday, June 10, 2014
Subscribe to:
Posts (Atom)