မင်္ဂလာပါခမျာ..ရောက်လာကြသော လာဖတ်သူအားလုံးကို ကြိုဆိုပါတယ်ခင်မျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Sunday, December 1, 2013

စာရိတ္တ

စာရိတ္တ
။။။။။။။။။။။။။။။
ကျွန်တော်တို့  ချစ်သူနှစ်ဦး တနှစ်ခွဲလောက် ချစ်လာခဲ့ ပြီးတော့ တယောက် ကိုတယောက် မခွဲနိုင်
ကြတော့ပဲ နဲ့ လက်ထပ်ဖို့ အတွက် စီစဉ်ဖြစ်သွားပါတယ်။ ကျွန်တော့် ချစ်သူ မှာ (ဇနီးလောင်းမှာ) ညီမလေး
တယောက်ရှိပါတယ်။ သူ ကတော့ စကားပြောယင် ကနွဲ့ ကလျ နိုင်လှသလို ချွဲလဲ ချွဲတတ်ပါတယ်။
ကျွန်တော် တို့ လက်ထပ် ဖို့ စီစဉ်ထားပြီး ပြီဆိုတော့ သူတို့  အိမ် ကိုလဲ ခဏခဏ ရောက်သွားလေတော့
ဇနီးလောင်း ရဲ့  ညီမ (ခယ်မလောင်း လေးနဲ့  ကလဲ တစ တစပိုမို ရင်းနှီး ကျွမ်းဝင်လာပါတော့တယ်။ )
တနေ့ မှာတော့ ကျွန်တော် လဲ အရေးတကြီး ကိစ္စပြောစရာ ရှိလို့  ချစ်ဇနီးလောင်း ရဲ့ အိမ် ကို မနက်
ခပ်စောစော သွားတဲ့  အချိန်မှာတော့ အိမ်က လူကြီးတွေ ရော ဇနီးလောင်း ပါ အပြင် ကို ထွက်သွားနှင့်ကြပါပြီ။
ကျွန်တော် နဲ့  ခယ်မလောင်းလျှာလေး နဲ့ ပါ။
ခယ်မ လောင်း လေး က နဂိုကတည်း က အ၀တ်အစား ကလည်း ကပိုကရို ၀တ်စားတတ်ပါတယ်။
အဲဒီနေ့ မနက်မလဲ လည်ဟိုက် အကျီ နဲ့  စကတ်တိုတို လေး ၀တ်ပြီး ဧည့်ခန်းမ မှာ ထိုင်နေယင်း ကနေပြီးတော့
ရုတ်တရက်
"ကိုကို ရယ် ကျွန်မလေ ကိုကို့ ကို တွေ့ တွေ့ ချင်းမြင်မြင်ချင်း ဆိုသလိုပဲ သိပ်ပြီး သံယောဇဉ် ရှိပါတယ်။"
"ကိုကို့ ကို မမနဲ့ လက်မထပ်ခင်နောက်ဆုံး လူပျိုဘ၀ ရက်မှာ ညီမ လေ; ကိုကို့ 
အတွက် အချစ်တွေ ကိုပေးဆပ်ချင်ပါတယ် ကိုကို ရယ်တဲ့ ။"
ကျွန်တော် ခေါင်းနပန်းတွေ ကြီးပြီးတော့ ထူပူသွားပါတယ်။ လာယင်းကိစ္စ အရေးတကြီး
ခရီးထွက်စရာ ရှိတာ ကိုလည်း ပြောဖို့ မေ့သွားပါတယ်။
ခယ်မလောင်းလေး ကဆက်ပြောပါတယ်။
"ကိုကိုရယ် ကိုကို့ ကို ဆုံးရှုံး ရမယ်မှန်း သိပေမဲ့  ညီမလေး အတွက် နောက်ဆုံး ဒီအခွင့် အရေး
လေး ကိုတော့ ဖြည့်ဆည်းပေးပါလား နော် တဲ့ ။ "
" ညီမလေး လေ ကိုကို့ ကို အပေါ်ထပ် အိပ်ခန်းထဲ ကပဲ စောင့်နေတော့မယ်နော်။ ကိုကို
အပေါ်ထပ် အိပ်ခန်းထဲ ကိုလိုက်လာခဲ့ ပါနော် " ဆိုပြီးတော့
သူမ လှေခါးပေါ် ကို ပေါ့ပါးသွက်လက်စွာ ပြေးတက်သွားပါတော့တယ်။
ကျွန်တော်လည်း သူမရဲ့  ကြောပြင်ပေါ် ကို ငေးကြည့် ယင်း သက်ပြင်းရှည်ကြီး တချက် ကို
မှုတ်ထုတ်ယင်း နဲ့  ပဲ ရှိသမျှ ခွန်အား နဲ့  အသိဥာဏ်တွေ ကို စုစည်း အာရုံတွေ ကို ဖမ်းချုပ်ပြီးတော့ ဧည့်ခန်းမ
ကနေပြီး အပြင်ဖက် မော်တော်ကားရပ်ထားရာ ဆီကို ပြေးထွက်ဖို့  အိမ်ရှေ့ တံခါးမကြီး ကို ဖွင့်လိုက်တဲ့ 
အခါမှာတော့ ယောက်ခမလောင်းကြီး က အားပါးတရ ပြေးလာပြီး ပွေ့ ဖက် နှုတ်ဆက်ကာ "ဒါမှ ငါ့တို့ ရဲ့ 
သားမက်ကြီး ကွ ။" "မင်း ခု ချိန်က စပြီး ငါတို့  မိသားစု ၀င်ဖြစ်သွားပြီ ကွ။"
မင်း အတွက် ငါတို့ တိုင်ပင် ပြီးတော့ စာရိတ္တ ကို စမ်းသပ်လိုက်ကြတာပါပဲတဲ့ ။

No comments: