မင်္ဂလာပါခမျာ..ရောက်လာကြသော လာဖတ်သူအားလုံးကို ကြိုဆိုပါတယ်ခင်မျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Sunday, December 1, 2013

" စိတ်မနှံ့ တဲ့ မိုးသောက်အိပ်မက် "

" စိတ်မနှံ့ တဲ့ မိုးသောက်အိပ်မက် "
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ခင်ဗျားဟာ အလင်းမဟုတ်ခဲ့ပါဘဲ
ဘာကြောင့်များ.....
ကျုပ်ရဲ့မနက်ခင်းကို ဆွဲဖွင့်ခဲ့တာလဲ
ခပ်ညစ်ညစ်ကောင်းကင်အောက်မှာ
ကြယ်ကြိုးတန်းပေါ်မရဲတရဲအိပ်ပျော်နေတဲ့ 
ကျုပ်ရဲ့နတ်သမီးတောင်ပံလေး အလန့် တစ်ကြားနဲ့ ကျကွဲသွားလေရဲ့...။

မနေ့ တစ်နေ့ ကပဲ အ၀ါရောင်ပိတောက်တွေပျိုးခဲ့သေးတာ
ဘာလို့ ခရေကပဲ အမြဲ ဦးဦးပြီး အကြွေစောနေခဲ့တာလဲ
ကြာလာတော့ မိုးရွာရတာကိုတောင် ရှက်လာတယ်...
ကျုပ်ရဲ့ရင်ဘတ်ထဲ ပျိုးလိုက်တိုင်းတစ်လွဲတွေချည်းပွင့်တဲ့
ဒီအပင် ခုတ်လှဲပါမယ်ဆိုမှ အမြစ်က ကမ်းပြိုတာတောင်ပါမသွားဘူး...။

နတ်ဆိုးတွေ ပညာကုန်သုံးထားတဲ့ အဲ့ဒီ ယောင်းမနဲ့ တော့
ကျုပ်ဘ၀အိုးလေးကို လာလာမမွှေပါနဲ့  ...
မနည်းစေးကပ်ထားရတဲ့ လူပီသမူ
တစ်ဖက်နှစ်ဖက်နဲ့  ဂျိုးကပ်ရင်ကပ်သွားပါစေ...
ချဉ်စုပ်နေတဲ့ အတ္တတွေ ရေလာပြီးထပ်အထိုးမခံတော့ဘူး...။

မီးအလင်းရောင်အောက်မှာ နာမည်ကြီးဖို့ 
တန်ဖိုးတစ်ခုနဲ့  အလဲခံရတဲ့ပန်းတွေထက် ...
လူမသိသူမသိ ညဘက်မှ သာဘာဝဆန်ဆန်
စိတ်ရှိတိုင်းပွင့်ခွင့်ရတဲ့ ကိုယ်ပိုင်ကျမူကို
ပိုပိုပြီးမက်မောလာတာ ...
ချောင်ပိတ်ရိုက်ချခံခဲ့ရသူတိုင်း .... စာနာတတ်ကြတယ်...။

ကဲ...ဒီတစ်ခါလဲ အိပ်ရေး၀၀နဲ့  မိုးသောက်ဖို့ 
ဘယ်သူမှ ခိုးစားလို့ မရအောင် နေမင်းရဲ့သစ်ကိုင်းကြားမှာ
ငါ့ရဲ့ဧဒင်ပန်းသီးကို အပေါင် ထားပြီး...
ဘယ်တော့မှပြန်မရွေးမယ့် ညစ်ကျယ်ကျယ်အတွေးနဲ့ 
မကောင်း ကျောင်းပို့ ပြီး ပြန်လာခဲ့တယ်
နှလုံးသားမပါတဲ့အိမ်မက်တွေမက်ရင်း.... ရင့်ဖို့ ...နေလည်းမြင့်ခဲ့ပြီ....။

>>>>>>>>>>>>>>>( မိုးပြေး )<<<<<<<<<<<<<<

No comments: