မင်္ဂလာပါခမျာ..ရောက်လာကြသော လာဖတ်သူအားလုံးကို ကြိုဆိုပါတယ်ခင်မျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Friday, July 20, 2012

ကိုယ်တွင်း က ရန်သူများ

ကိုယ်တွင်း က ရန်သူများ

အခြား ပြင်ပ ဘယ်အရာ နှင့်မှ ယှဉ်ပြိုင်တိုက်ခိုက် နေရန် မလိုအပ်ပေ။ ၎င်း သည် မိမိ စွမ်းအားကို အချည်းနှီး ဖြုန်းတီး ပစ်ခြင်း သာ ဖြစ် သည်။ မိမိ၏ ရင်တွင်း ကို ပြန် လျိုး ဝင်ကြည့်ရန် တစ်ခုတည်း သာ – လိုပါသည်။ မိမိ အတွင်း သန္တာန် ၌ တိုက်ခိုက် ယှဉ် ဖက် ရန် အရာ အများအပြား ရှိနေသည်ကို မမေ့ အပ်။

ဆိုစို့ – မိမိ ၏ အတ္တ၊ မာန၊ လောဘ၊ အလိုဆန္ဒ၊ သိမ်းပိုက်လို စိတ် အာသာ ရမ္မက်၊ မသိမှု ၊ ဒေါသ၊ မစ္ဆရိယ စသည်- စသည်။ ထိုသို့ အများ အပြား ရင်တွင်း ခိုဝင် ကိန်းအောင်း နေပါ လျက် နှင့် – အပြင်ပ ရန်သူ ကိုသာ ရှာဖွေ – တိုက်ခိုက် ရန် တာစူ နေခြင်း သည် မိုက်ရူးရဲခြင်း သာ ဖြစ်နေပေ လိမ့်မည်။ အကျိုးမဲ့ သာ ဖြစ်လိမ့်မည်။ စစ်မှန် သော ၊ မိမိ ရင်တွင်း ၌သာ ဖြစ်သော – ထို ရန်သူ တို့ကို အနိုင်တိုက် နိုင်ရန် သည် သာ ရည်ရွယ်ချက် ဖြစ်သင့်သည်။ တိုက်ခိုက်ရန် နည်းနာ၊ (ဝါ) လက်နက် မှာ လည်း ဘာဝနာ သာ လျှင် ဖြစ်ပါသည်။

ဘာဝနာ သည် – မိမိ သန္တာန် အတွင်း သို့ မျက်ခြေ မပြတ် စောင့်ကြည့်နေ ရုံမျှ ဖြစ်သည်။ အသိနှင့် သတိ ရှိနေရုံမျှ တည်နေကြည့် ရုံမျှ လည်း ဖြစ်သည်။ ထိုထိုသော ရင်တွင်း ရန်သူ အများစု သည် ယင်းသို့ စောင့်ကြည့် ခံရရုံမျှဖြင့် အလျို အလျို ပျောက်ကွယ် ထွက်ပြေး သွားကြ ၏။ ဆိုပါစို့ – သင် ဒေါသ ပွားနေ မိချိန် မျိုး။ ထိုအခါ မျိုး တွင် – သတိ မလွတ် – စောင့်ကြည့်နေ ကြည့်ပါ။ ယင်း ဒေါသ စိတ် သည် – ရုတ်ခြည်း ပျောက်ကွယ် သွားကြောင်း တွေ့ရပါလိမ့်မည်။

သတိ တမံ တုတ် ၍ – ခဏတိုင်း – နေထိုင်ကြည့် နိုင်ပါ လျှင် အံ့ဩဖွယ် ရာများ (ဝါ) မကြုံခဲ့ဖူး သည်များ တွေ့ကြုံ သိမြင်နိုင် မည် ဖြစ် သည်။ သင့် သန္တာန် အတွင်း ထင်ရှား သမျှ စောင့်ကြည့်နေ သည် ၏ အလွန်တွင် – သင်၏ အတွေး စဉ် သည် ရှင်းလင်းနေ ပါလိမ့် မည်။ တောင်ယံ ကမ်းပါး ထက် မှ အောက် မြေပြင် သို့ ရှုကြည့်နေသူ ကဲ့သို့ – မိမိ ၏ ခံစားချက် ၊ ဝေဒနာ၊ အတွေး စိတ်ကူး စသည် ထင်ရှား ရာ တို့သည် သိမြင် ရုံမျှလေး ဖြစ်သည့် သတိ အတွင်း၌ သူ့အလိုလို ဖြစ်တည်၍၊ ပျက်သုဉ်း ၍ သွားကြသည်ချည်း။

စောင့်ကြည့်ရုံမျှ – ဟူသည်မှာ ပါဠိ အခေါ်အားဖြင့် – (Vipassana) ဝိပဿနာ ဖြစ်ပါသည်။ ထူးထွေ စွာ ကျင့်ကြံ ရသော- အသိရ ခက်နေ သည့် နည်းနာ တစ်ခု မဟုတ်ပေ။ မိမိ သန္တာန် ထင်ရှား ရာ ဘယ်အရာမဆို အပေါ် သတိတင်ရှိ ကြည့်နိုင် ရုံမျှလေး ဖြစ်သည်။ တခဏ ချင်း သတိ မလတ် ရှိသော အခါ- မိမိသန္တာန် ၌ မိမိ အပေါ် ဖုံးကွယ်နေသော တိမ် သလ္လာ တို့ ရှင်းလင်း သွားကြသည် ကို မြင်ရ ပါမည်။ လှပသော တိတ်ဆိတ် ငြိမ်ဝပ်နေမှု သာ မိမိ သန္တာန်တွင် ကျန်ရစ် သည်။

ပြင်း ထန်သော မုန်တိုင်း ၏ အလယ် ဗဟိုချက်မ သည် ပကတိ ပိတ်ပိတ်သား တည်ငြိမ် နေ သကဲ့သို့ – လောကီ ရေးရာ အလယ် တွင် သင်၏ သန္တာန်သည် အံ့အားသင့် ဖွယ်ရာ တည်ငြိမ်နေခြင်း မျိုး။ လေးနက် ၍ စူးရှသော ငြိမ်ဝပ်ခြင်း မျိုး။ ယင်း တည်ငြိမ် တိတ်ဆိတ် မှုမျိုးသည် – သင် ၏ နှလုံး အတွက် အကြီးမားဆုံးသော အား အထောက် အပံ့၊ သင့်နှလုံးအတွက် အရွှင်မြူး ဆုံး ဂီတ သံ ဖြစ်ကြောင်း – ယင်းအချိန်တွင် သင် ကိုယ်တိုင် သိရနိုင်ပါသည်။

စင်စစ် အောင်နိုင်သူ တည်း ဟူသော အမည်နာမ သည် – သတိ ရှိသူ ကို ဆိုလိုသည်။ မိမိ သန္တာန် ကို အောင်နိုင်ပြီးသူ သည် အကြောက် တရား ကင်းဆိတ်သည်။ လှုပ်ခတ်မှု မရှိ၊ ငြိမ်ဝပ် လျက် ရှိ သည်။ တည်ကြည်၍ နိုးကြားနေသော သူသာ ဖြစ် သည်။ သူ၏ သန္တာန်၌ ချစ်ခြင်း တရား သာ ထင်ကျန် ရစ်သည်။ ယင်းသို့ အကြောက် တရား မရှိဘဲ၊ လှုပ်ခတ် တွေဝေမှု ကင်း ၍ နိုးကြားသော ချစ်ခြင်းမေတ္တာ ဖြင့် ထုံမွှမ်းနေ သည့် ထို ပုဂ္ဂိုလ် ကိုသာ လျှင် – အရာရာ အောင်နိုင်ပြီးသူ ဟု ခေါ်ဆိုပါသည်။

…………………….
~ The Miracle.
……………………
June 2nd 2012 at 10:00 AM
……………………

http://zayya.wordpress.com/

http://zayya.blog.com/

http://zayyah.blogspot.com/

No comments: