မင်္ဂလာပါခမျာ..ရောက်လာကြသော လာဖတ်သူအားလုံးကို ကြိုဆိုပါတယ်ခင်မျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Thursday, April 10, 2014

ငယ်ငယ်တုန်းက သင်္ကြန်လည်ရင်
သင်္ကြန်ကားပေါ်ကနေ ရေပက်နေတဲ့ ကောင်မလေးတွေထဲက
အလှဆုံး ကောင်မလေးတစ်ယောက်ကို ရွေးပြီး ရေဆင်းလောင်းရတာ အရမ်းပျော်တယ်။

အဲ့ဒီ့အချိန်တုန်းကဆို ကားပေါ်ကနေ ပထမဆုံးဆင်းပြီး ရေလောင်းတဲ့ကောင်က သူရဲကောင်းပဲ။
သူ့နောက်ကနေ တစ်ခြားသူတွေက လိုက်ပြီး တစ်ခြားကောင်မလေးတွေကို ရေလောင်းကြတယ်။

ကိုယ်က ကောင်မလေးတစ်ယောက်ကို ရေလောင်းလိုက်လို့ အဲ့ကောင်မလေးက
ကိုယ့်ကို ရေပြန်လောင်းလိုက်ရင် ပိုလို့တောာင် ပျှော်ရွှင်ရတယ်။
ငါကွ ဆိုပြီး လက်မထောင်နေနိုင်တယ်။

ခုတော့ အဲ့လိုတွေ မရှိတော့ပါဘူးလေ။ ဟိုနေရာကြည့်လည်း "ဆက်ဆီဒန့် ! ဒီနေရာကြည့်လည်း ဆက်ဆီဒန့် " နောင်မျိုးဆက်သစ် လူငယ်တွေ မူးရူးပြီး ကပဲ ကနေကြတာပဲ။
တစ်ယောက်နဲ့တစ်ယောက် ရေလောင်းကြရင်း
တစ်နှစ်တာအတွက် တွေးလေ တွေးလေ ပျော်ရွှင်လေဆိုတဲ့ ပျော်ရွှင်မှု့ပိတိကို မယူတတ်ကြတော့။

--အင်း ..ကျနော်လည်း ဒီနှစ်သင်္ကြန်မှာလည်း နွေကိုထိုင်ကြည့်နေယုံကလွဲလို့..........။

No comments: