(၁) လူဆိုး
လူတစ်ယောက်ကို 'လူဆိုးလို့တံဆိပ်ကပ်လိုက်တာနဲ့
လင့်ချက်တော်တော်နည်းသွားပါပြီ။
လူ့အဖွဲ့အစည်းတစ်ခုလုံးက သူ့ကို 'ဆိုးတယ်' လို့သတ်မှတ်လိုက်မှတော့ သူ့ဘက်ကလည်း တူညီတဲ့တုံ့ပြန်မှုနဲ့
လူ့အသိုင်းအ၀ိုင်းကို ကြက်ခြေခတ်ဖို့ပဲ ကြိုးစားတော့မှာပေါ့။
ကျွန်တော့်အယူအဆအရတော့ 'လူဆိုတဲ့ ကိုယ်ထည် ကြီးကဆိုးတာမဟုတ်ဘူး။အဲ့ဒီလူရဲ့
ဆိုးတာပဲ' လို့ပြောချင်ပါတယ်။အဲ့သည် 'လူဆိုး' ဆို့တဲ့လူဟာ အခြေအနေတစ်ခုပြောင်းလဲသွားရင် 'အပြုအမှူကောင်း'
တွေ ထုတ်လုပ်ပေးနိုင်တာပဲ...လို့ကျွ
အဲ့လိုပြောင်းလဲတဲ့အချိန်မှာလဲ ကျန်တဲ့ လူအဖွဲ့အစည်းအနေ နဲ့ကလဲ ကြိုဆိုရမှာပါ။အဲ့လိုမကြိုဆိုပဲ
ခွေးမြီးကောင်ကျည်တောက်စွပ် ပါ ဘယ်တော့ပြန်ဆိုးမလဲ ဆိုတဲ့ သံသယတွေနဲ့ ဘောင်မခတ်ဖို့တော့ အထူးအရေး
ကြီးပါတယ်။အဲ့လို သံသယနဲ့ လက်တွဲလို့ကတော့ဘယ်တော့မှမရပါဘူ
အမေရိကတိုက်ကို ရှာဖွေတွေ့ ရှိခဲ့တဲ့ ကိုလ့ဘတ်(စ်)ဟာ အစက လူဆိုး၊လူကြမ်းကြီးတစ်ယောက်ပါ။သ
စိတ်ဓာတ်ကို အသုံးချတဲ့နေရာ(အခြေအနေ၊အချိန်အ
ကမ္ဘာကြီးရဲ့ တစ်ခြမ်းလောက်ကို သိမ်းပိုက်နိုင်ခဲ့တဲ့ အလက်ဇန်းဒါးသည်ဂရိတ် ( Alexander the Great)ဘုရင်ကြီးဟာ
ငယ်ငယ်တုန်းက အင်မတန်ဆိုးသွမ်းတဲ့ ကလေးတစ်ယောက်ပေါ့။
သူ့ရဲ့ဆရာဇြစ်သူ အရစ္စတိုတယ် (Aristotle) ကို ကလန်ကဆန်လုပ်၊ဆုံးမတာကိုနားမထော
ခဲ့သူပါ။
သူတို့က သူတို့ရဲ့ ဖောက်ထွက်လိုစိတ်( လူဆိုးစိတ်) ကိုအခြေအနေ၊အချိန်အခါ မှန်ကန်စွာ အသုံးချနိုင်တော့ အောင်မြင်တဲ့
သူရဲကောင်းတွေဖြစ်လာတာပါပဲ၊
(၂) လူကောင်း၊လူလိမ္မာ
လူတစ်ယောက်ကို 'လူကောင်း၊လူလိမ္မာလေး' လို့ တံဆိပ်ကပ်လိုက်ရင်ကော ဘာဇြစ်မလဲ ?
ဆေးဝါးတွေဟာ အာနိသင်ကောင်း၊တစ်စုံတစ်ရာ ရှိကြတာမှန်သလို...မလိုလားအပ်တဲ
တွေကိုလည်းဇြစ်စေတာပဲ မဟုတ်လား။အဲ့သည်လိုပဲ လူတစ်ယောက်ကို 'လူကောင်း' လို့ သတ်မှတ်ခြင်းမှာလည်း ဘေးထွက်ဆိုးကျိုး
တွေရှိတာပါပဲ။
ဘယ်လိုလဲဆိုတော့..............
လူဟာသူ့အပေါ်မှာကပ်ထားတဲ့ တံဆိပ် (လူလိမ္မာ/လူကောင်း ဆိုတဲ့စံနှူန်း) နဲ့ကိုက်ညီအောင် အတင်းလုပ်ပြီး 'လုပ်ပြ' ရတော့တယ်။
လူအများရှေ့မှာ မရိုကျိုးချင်ပေမယ့်လည်း အတင်းဖျစ်ညှစ်ပြီး ရိုကျိုးအောင်နေပြရတယ်။ကိုယ့်ကိ
ရဲ့စိတ်ကြိုက်ဇြစ်အောင် မနည်းကြိုးစားပြီး ပြုမူလုပ်ကိုင် နေထိုင်ပြရတယ်။
ဒါမှ တခြားသူတွေက သူ့ကို သဘောကျမှာကိုး။ ဒါမှလည်း သူရထားတဲ့ 'လူလိမ္မာလေး/လူကောင်းလေး' ဆိုတဲ့ ဂုဏ်ပုဒ် မဆုံးရှုံးမှာကိုး။
ဒါပေမယ့် သူ့မှာ 'ဆုံးရှုံးသွားရတဲ့အရာ' တစ်ခုတော့ရှိပါတယ်။အဲ့ဒါကတော့ 'လူရဲ့ပုဂ္ဂလိက ဇြစ်တည်ခွင့်' ပါပဲ။
သူဟာ ဘာကိုမဆို 'သူ့စိတ်နဲ့သူ့ကိုယ်' လွတ်လွတ်လပ်လပ် မရွေးချယ် မဆုံးဇြတ်တော့ဘူး။ သူရဲ့ရွေးချယ်လှုပ်ရှားမှု့အားလ
'လူတွေက ငါ့ကို အထင်သေးသွားကြလေမလား' ဆိုတဲ့ အတွေးက လွှမ်းမိုးနေပါတော့တယ်။
သူဟာ အရာရာကို သူများရဲ့အကြိုက်ဖြစ်အောင် 'တခြားသူရဲ့ စိတ်နဲ့ သူ့ကိုယ်' လုပ်နေရတော့တာပဲ။(ဒါဟာလည်း တစ်နည်းအားဇြင့်တော့
မရိုးသားမှု့ပဲ) မဟုတ်လား ? ။
ကျွန်တော်ပြောချင်တာက ဒီလိုပါ။
' လူကောင်း ' ဆိုတာဟာ မရိုးသားဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ကောင်းရင်လည
ကျွန်တော်တို့ ခုfacebookထဲက တစ်ချို့တွေလို မဖတ်ချင်ပဲပို့စ်တွေဖတ် မပေးချင်ပဲ Likeတွေပေးနေတာ တမင်လုပ်ပြနေတာမျိုးက ရွံစရာကောင်း
သလို စိတ်ပင်ပန်းစရာလည်းကောင်းလှပါတယ
နောက်ပြီးတော့ အခုကျွန်တော်ပြောသွားတဲ့ အထဲမှာပါတဲ့ အချက်အလက်ဟာလည်း အကြွင်းမဲ့သဘောကို မဆောင်ပါဘူး။ 'ဖြစ်တတ်တဲ့' တချို့သော
ရှု့ထောင့်ကိုသာ ဆိုလိုခြင်း ဇြစ်ပါတယ်။
လူကောင်းအားလုံးဟာ ဟန်ဆောင်လုပ်ပြ နေကြသူတွေ ချည်းမဟုတ်သလို လူဆိုးအားလုံးကလည်း ကိုလံဘတ်(စ်)တွေ အလက်ဇန်းဒါးသည်ဂရိတ်တွေ
ဘယ်ဖြစ်လာနိုင်ပါ့မလဲ။
အခု ကျွန်တော် နိဂုံးချူပ်ပါတော့မယ်။
ပြောခဲ့သမျှတွေ အားလုံးကို ခြုံငုံကြည့်လိုက်ရင် မည်သည့် အဓိပ္ပါယ် ဖွင့်ဆိုချက်ကမှ တိတိကျကျ ခိုင်ခိုင်မာမာ မရှိတာကို တွေ့ရမှာပါ။မပြတ်မသား ဝေေ၀၀ါးဝါးချည်းပါပဲ။
ဟုတ်ပါတယ်...အဲ့ဒီလိုဇြစ်နေတာကိ
ခင်များတို့အပျင်းပြေ ဖြေကြည့်ဖို့ ကျွန်တော်မေးခွန်းလေးတွေ စီစဉ်ထားပါတယ် (မဖြေချင်ရင်လည်း ထားပစ်ခဲ့လို့ရပါတယ်)
မေးခွန်းတွေကတော့.....
(၁) လောကကြီးမှာ လူကောင်းနဲ့ လူဆိုး..ဘယ်သူကရာခိုင်နှုန်း ပိုများတယ်လို့ သင်ထင်မြင်ယူဆပါသလဲ ? ထင်မြင်ရတဲ့အကြောင်းရင်းကဘာလဲ ?
(၂) လူကောင်းဆိုတာဘာလဲ ? လူဆိုးဆိုတာဘာလဲ ?
(၃) သင်ကိုယ်တိုင်ကကော ဘယ်လိုလူစားထဲမှာ ပါသလဲ ?
ကိုးကား၊ မင်းခိုက်စိုးစန်
No comments:
Post a Comment