မင်္ဂလာပါခမျာ..ရောက်လာကြသော လာဖတ်သူအားလုံးကို ကြိုဆိုပါတယ်ခင်မျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Thursday, April 10, 2014

ဗုံကြီးသံ
-.-.-.-.-.-.-.-
ညနေ နေညိုရင် ရွှေဘိုကိုလွမ်းမိတယ်...
မင်္ဂလာဗုံရှည်သံ မြန်မာဟန်သံကြားရမယ်...
မြန်မာဟန်ပန်မြန်မာသံတွေကို မချစ်တတ်တဲ့မင်းတို့အတွက်
ရွှေဘိုဗုံသံတဲ့ဟေ့ မြန်မာမှန်ရင်နားဆင်လှဲ့
ရွှေဘိုဗုံသံကြားရင်မြန်မာဆိုတာမင်းမမေ့နဲ့

ရှိုတ်စပီးယားပြဇာတ်သိပြီး ဦးပုညပြဇာတ်အရေးအသားမင်းမေ့
အန်နီမေးရှင်းအရေးအသားတစ်ခုကို
ဆဒ္ဒန်ဇာတ်မှာရှာရင် မင်းအတွေ့
ဗီသိုဘင် ၊မိုးဇက်သိပြီး အင်္လကာကျော်စွာစိတ်ဗေဒါမင်းမေ့
အီးယားရင်းနဲ့အသံညှိတဲ့မြန်မာဆိုင်းဝိုင်းကိုကမ္ဘာမှာမင်းတွေ့
ပီကာဆိုဗန်ဂိုးရဲ့ပန်းချီလက်ရာတွေ ကမ္ဘာကျော်ပေမဲ့
ဦးငွေကိုင်ဆီဆေးတစ်ချက်တော့ မင်းမမြင်ဖူးရင်ကြည့်စေချင်ရဲ့
စည်းဝါးညီကာရံတိုက်လို့ တော်ဝင်နန်းထိုက် တို့မြန်မာဂီတ
ကြေးကြိုးသရေလေလက်ခုပ်နဲ့(၁၇)ပါးသံစဉ် မြန်မာဟန်ပီသ
ခန့်ငြားလို့အားရစရာ စင်မြင့်ထက်က ရုပ်စုံသဘင်နဲ့
မြေ၀ိုင်းမှာဇာတ်စုံခင်းလို့ အပျိုတော်သီချင်း ငါရင်ခုံနေဆဲ
သင်္ကြန်ချိန်ခါ ဆရာမြို့မရဲ့ တူးပို့ ဒိုးသံနားထဲစိမ့်ဝင်
အောင်ပင်လယ် မန္တလာအလိုက်နဲ့ နန်းတော်ရှေ့က တို့ကိုကြီးတင်
စည်းချက်ညီမြန်မာအက အလှကို စည်းကမ်းထွင်ခဲ့
အမေထွေးလေးနဲ့ အင်းဝခေတ်စာပေအရေးအသား ရှင်လေးပါးလဲ
မြင်ယောင်နေဆဲ
ဦးရွှေရိုးဒေါ်မိုးအကနဲ့ ဒိုးပက်အယိုင် သံမြိုင်ဆိုင်နေတဲ့
စည်းဗျောသံသဲ့သဲ့ကြားရင် မြန်မာ့အလှူပွဲကို ကြည့်ဖို့လှမ်းခဲ့
တီးလှဲ့ပါဟဲ့ ဗုံကြီးသံ။

No comments: