********************
ရာသီက ရှိစုမဲ့စု အချိန်နာရီတွေကို စုဘူးထဲထည့်တယ်၊
မနေ့က လမ်းကျဉ်းတွေ ခုတော့လမ်းမကျယ်ဖြစ်သွား
အချိန်နာရီက လူတွေကို ချွေးဒီးဒီးကျစေခဲ့ပြီ။
ပျောက်ဆုံးသွားတဲ့ လမ်းကျဉ်းကလေး ဘယ်မှာလဲ၊
ဘယ်မှာလဲ မနေ့က တွေ့ခဲ့တဲ့ မင်းနဲ့ငါ
ဘယ်မှာလဲ မနေ့က တွေ့ခဲ့တဲ့ ညောင်ပင်
ဘယ်မှာလဲ မနေ့ကတွေ့ခဲ့တဲ့ အရိပ်တွေ
ခပ်မြူးမြူးတေးသချင်းတစ်ပုဒ်ရဲ့
ငါ့ကိုငါ ပြန်ရှာဖွေနေမိခဲ့တယ်။
မင်းမသိလိုက်တဲ့ အငွေ့အသက်တွေကို
ငါ ရုတ်တရက် သိလိုက်မိတယ်။
မင်းစီးသွားတဲ့ ဖိနပ်က အပ်ချိတ်တွေဗရဗွနဲ့
မင်းရဲ့ခြေလှန်းတိုင်းမှာ ငါ့ရင်တွေ နင့်ကနဲ၊
ဝေးဝေးမလျှောက်ကြပါနဲ့ လမ်းတွေက အသစ်လေ ကွဲ့
ပျောက်ဆုံးဒဏ္ဏာရီတစ်ပုဒ်မှာ မင်းနာမည်ကို ငါရှာမတွေ့ခဲ့ဘူး
မင်းက ညစ်ပေပေခြေထောက်တွေနဲ့ အဝေးထွက်ခွာနေတာကိုး
မင်းချန်ထားခဲ့တဲ့အလွမ်းတွေက အနံ့အသက် ဆိုးဝါးလွန်းပါရဲ့
ငါ့လက်မောင်းမှာ မင်းအားကိုးတကြီးဆုပ်ကိုင်ခဲ့တဲ
မင်းလက်ရာတွေအထင်းသား ရှိသေးတယ်။
ငါနဲ့မဝေးတော့တဲ့ မင်းရဲ့ဖုံန်းဆိုးမြေမှာ
မင်းရှိုက်သံတွေ ငါကြားနေရတယ်။
မင်းဆီက ပို့လိုက်တယ်ဆိုတဲ့ လက်ဆောင်
အဖြူရောင်ညစ်ညစ် အိပ်မက်ဆိုးနဲ့။
မနေ့ကပဲ ဒီနေရာမှာလမ်းကျဉ်းကလေး ရှိနေသေးတယ်
အရိပ်ရယ် မင်းငိုသံတွေ တိတ်ပါတော့ကွယ်။
No comments:
Post a Comment