ညပြဇာတ်
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
အရေးပါ အရာရောက်ခြင်းတွေက
အရေးမပါ အရာမရောက်ခြင်းတွေနဲ့ ဒွန်တွဲ
ဘ၀က ဒီပုစ္ဆာကို ခပ်ပြင်းပြင်း ကြက်ခြေခတ်ခဲ့တာ။
မရှိမဲ့ ရှိမဲ့ အတွေးခေါ်လေးကို အဖေါ်ပြုရင်း
စာတစ်ကြောင်းလည်း ကောင်းကောင်းရေးတတ်ခဲ့။
မနေ့က ပျံတတ်သွားတဲ့ အငွေ့တွေက စုစည်းလို့
ဒီနေ့ သည်းသည်းမည်းမည်းရွာချတယ်။
ဦးနှောက်က စဉ်းစားမရတဲ့အရာတွေကို
တစ်ညလုံး ထိုင်ရေးနေမိတယ်။
ဘ၀က...ပင်လယ်ပြင်မှာ တယောထိုးနေရတာထက်
ပိုပြီး အထီးကျန်ဆန်လွန်းရဲ့.....။
သေချာတယ်....
ညနက်နက် ကျိန်စာတွေကို ရွတ်ဆိုရင်
ကပြောင်းကပြန်နဲ့ မိုလင်းခဲ့တာ။
ညစာ မစားရတဲ့ညတွေကို ကူညီရင်း
အိပ်မက်ကိုပဲ အလှပဆုံး ပုံဖေါ်နေရတော့မယ်။
သေချာတယ်.....။
ဟုတ်တယ်....ဒါဟာ အသေချာဆုံးပါပဲ။
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
အရေးပါ အရာရောက်ခြင်းတွေက
အရေးမပါ အရာမရောက်ခြင်းတွေနဲ့ ဒွန်တွဲ
ဘ၀က ဒီပုစ္ဆာကို ခပ်ပြင်းပြင်း ကြက်ခြေခတ်ခဲ့တာ။
မရှိမဲ့ ရှိမဲ့ အတွေးခေါ်လေးကို အဖေါ်ပြုရင်း
စာတစ်ကြောင်းလည်း ကောင်းကောင်းရေးတတ်ခဲ့။
မနေ့က ပျံတတ်သွားတဲ့ အငွေ့တွေက စုစည်းလို့
ဒီနေ့ သည်းသည်းမည်းမည်းရွာချတယ်။
ဦးနှောက်က စဉ်းစားမရတဲ့အရာတွေကို
တစ်ညလုံး ထိုင်ရေးနေမိတယ်။
ဘ၀က...ပင်လယ်ပြင်မှာ တယောထိုးနေရတာထက်
ပိုပြီး အထီးကျန်ဆန်လွန်းရဲ့.....။
သေချာတယ်....
ညနက်နက် ကျိန်စာတွေကို ရွတ်ဆိုရင်
ကပြောင်းကပြန်နဲ့ မိုလင်းခဲ့တာ။
ညစာ မစားရတဲ့ညတွေကို ကူညီရင်း
အိပ်မက်ကိုပဲ အလှပဆုံး ပုံဖေါ်နေရတော့မယ်။
သေချာတယ်.....။
ဟုတ်တယ်....ဒါဟာ အသေချာဆုံးပါပဲ။
No comments:
Post a Comment