*************
မနေ့ညက
ညစ်ပေပေဖန်ခွက်ထဲ ယမကာတွေကိုခုန်းဆင်းစေခဲ့ပါတယ်၊
ယမကာတွေ တစ်နေရာရာကို ပြန်လည်ခုန်ထွက်ပြီးသွားကြသောအခ
မူးယစ်ရီဝေနေတဲ့ ဘောပင်တစ်ချောင်းကို ကျနော်ကောက်ကိုင်ခဲ့ပါတယ်။
ကျနော်လက်ထဲက ဘောပင်က လည်မလိုလိုနဲ့ကွေ့ကောက်လွန်းပါရ
သီအိုရီအစစ်အမှန်တွေကို ကျော်ခွပြီး သီအိုရီအသစ်အဆန်းတွေကို
ဘောပင်က ကောက်ရေးနေလေရဲ့...
အရမ်းကောင်းတဲ့ကဗျာတစ်ပုဒ်ကို ထုဆစ်ပုံဖေါ်နေပုံရတယ်...။
ကျနော့်ဘောပင်က ကျနော့်ကို
အိုင်ယာလန်က-ရှေးမာစ်ဟေနီ ကို သတိရခိုင်းတယ်....
စကော့တလန်က-ဒါ့ဂလာစ်ဒန်း ကို သတိရခိုင်းတယ်....
ချက်က-ဟောလုဗ်(မီရောဆလာဗ့်ဟောလု
ယူဂိုဆလပ်က-ပိုပါ ကို သတိရခိုင်းတယ်....
ပိုလန်က -ဟားဗတ်(ဇဗစ်ဂညူးဟားဗတ်)ကို သတိရခိုင်းတယ်....
ပြီးတော့ ဆီဂိမ်းတုန်းက ရှုံးခဲ့တဲ့မြန်မာအမျိုးသားဘောလံ
ဒီလိုနဲ့ ကျနော့်ရဲ့ဘောပင်ဟာ မူးမူးနဲ့လမ်းမလျှောက်နိုင်တော့
သူ့ရဲ့ခန္ဓာကိုယ်ကို လှိမ့်ကာ လှိမ့်ကာနဲ့ စားပွဲပေါ်ကဆင်းပြီး
ကြမ်းပြင်ရဲ့ တောင့်တစ်နေရာမှာ အိပ်ပျော်သွားရှာပါတယ်။
မနက်မိုးလင်း ကျနော့်ရဲ့အရမ်းကောင်းမွန်တဲ့ အဲံဒီ့ကဗျာတစ်ပုဒ်ကို
facebook ပေါ် ကောက်တင်လိုက်ပါတော့တယ်။
ရရှိလာတဲ့ Comment တွေကတော့........
" ဟွန့် ဘာတွေရေးထားမှန်းလည်းမသိဘူးတဲ့"
No comments:
Post a Comment