ပန်းများအားလုံး ကြွေကာလွင့်၍
နှင်းဆီတစ်ပွင့် ကျန်ရစ်ခဲ့၏
ထိုနှင်းဆီနှင့်ကြွေလွင့်ပန်းမျ
ချစ်ခင် ငြားလည်း
အမျိုးမတော် ဆွေမတော်ကြ။
နောက်ဆုံးအချိန်
ကြွေချိန်တန်လျှင်
နှင်းဆီသူမ ကြွေရပါလင့်။
ကြွေလင့်သွားပြီး
သိပ်မကြာလိုက် နှင့်ဆီအခက်
အရွက်အပွင့် တစ်လှည့်တဖန်
ပြန်လည်သီကြူး
အငုံဖူးလေးက
စတင်လက္ခာ ပြလာပါ၏။ ။
------------------------------
နွေရာသီမှာ
ပန်းပွင့်တွေအားလုံး ကြွေလွင့်ကုန်ပြီ
သူမ တစ်ယောက်ပဲ ကျန်ခဲ့တော့တယ်။
ပန်းပွင့်များအားလုံးနှင့်သူမသည
သို့သော် ၄င်းပန်းပွင့်များနှင့် သူမ အမျိုးမတော်စပ်ပါ
သို့သော် သူမလည်းပဲ နောက်ဆုံးကြွေလွင့်ရမှာပါပဲ။
ဒါပေမယ့်....
သူမရဲ့ အပွင့်အခက် အလက်ကလေးတွေဟာ ပြန်လည်နိုးထလာဖို့
(သို့မဟုတ်)နောက်တဖန် ပြန်လည်ပွင့်လန်းလာဖို့
အဖူးအငုံလေးတွေက စတင်လက္ခဏာပြနေပါပြီ ။
by Thomas Moore ရဲ့The Last Rose of Summer ကဗျာကို ဆီလျော်အောင်ပြန်ရေးပါသည်။
No comments:
Post a Comment