************
အဲ့ဒီ့ညက ဘီအီးကိုဆားမပါတဲ့ကြွက်ကြော်နှင
ဘယ်သူကမှ ကြက်ကြော်လာမပေးခဲ့ဘူး။
အဲ့ဒီ့ညက လမ်းတွေကို ခြေခြင်လျှောက်ခဲ့တယ်
ဘယ်မိန်းကလေးကမှ လက်လာမတွဲခဲ့ဘူး။
အဲ့ဒီ့ညက ဖိုးလမင်းကြီးကို ငေးကြည့်နေမိတယ်
ဖိုးလမင်းက ထမင်းဆီဆမ်းရွှေလင်ဗန်းနဲ့ချမပေး
အဲ့ဒီ့ညကပဲ....
သောက်ရေခွက်ကို အပေါ့အငံမြည်းနေတဲ့
ကြောင်တစ်ကောင်ကို မြင်ခဲ့ရတယ်။
အဲ့ဒီ့ညကပဲ...
ခြင်ထောင်ကို အပေါ့အငံမြည်းနေတဲ့
ခြင်တွေကို ထိုင်ကြည့်နေမိခဲ့တယ်။
အဲ့ဒီ့ညကပဲ....
ကျနော့်ခန္ဓာကိုယ်ကို အပေါ့အငံမြည်းနေတဲ့
နွေဥတုကို တွေ့ထိခံစားနေခဲ့ရတယ်။
အဲ့ဒီ့ညမှာပဲ....
အိပ်မက်က ကျနော့်ကို အပေါ့အငံမြည်းသွားတယ်၊
ပြီး... အိပ်မက်က ရေရွတ်သွားတယ်
"ဒီလူ တော်တော်ပေါ့ပြက်ပြက်နိုင်တာပဲ တဲ့ "
No comments:
Post a Comment