ဇာတ်သိမ်းခန်း
*********
နှင်းဆီပွင့်တွေ ဝေဆာလို့....
ကိုယ်တိုင် ရေလောင်းပေါင်းသင်ခဲ့တာ၊
ခုတော့ ဒီနှင်းဆီတွေရဲ့ အဆူး
ကိုယ်တိုင်ဆူးနေခဲ့ရပြီ။
မနက်ဖြန်တွေသာ မရှိခဲ့ရင်
ဒီနှင်းဆီပွင့်တွေနဲ့ ကျနော်ပျော်နေနိုင်တယ်၊
မနက်ဖြန်တွေသာ မရှိခဲ့ရင်
ဒီနှင်းဆီပင်တွေကို ကျနော် တယုတယ၊
မနက်ဖြန်တွေသာ မရှိခဲ့ရင်
နှင်းဆီတွေကို လာလာငေးကြည့်နေတဲ့လူတွေ ပျော်နေဦးမှာ
မနက်ဖြန်တွေသာ မရှိခဲ့ရင်
တစ်ချို့က ဒီနှင်းဆီပန်းတွေကို စက္ကူပန်းဆိုပြီး လက်ညိုးတွေထိုးကြဦးမယ်၊
မနက်ဖြန်တွေသာ မရှိခဲ့ရင်
မနက်ဖြန်တွေသာ မရှိခဲ့ရင်....
ခုတော့..
မနက်ဖြန်တွေရောက်လာရင်
နှင်းဆီက ကျနော်ကို စွဲဆောင်
အဆူးတွေက ထပ်ဆူးနေဦးတော့မယ်။
နှလုံးသားနဲ့စိုက်ပျိုးခဲ့ ဒီနှင်းဆီတွေ
ရင်ဘက်နဲ့ စိုက်ပျိုးခဲ့ ဒီနှင်းဆီတွေ
ဒီနှင်းဆီတွေထဲမှ အချိန်အတော်များများကို သွန်ချခဲ့တာ
ခုတော့
ဒီနှင်းဆီခင်းကို......
စွှန့်လွှတ်ဖို့ ကျနော် နှလုံးသွေးတွေသွန်ချရတော့မယ်။
အဖြစ်အပျက်က မြန်ဆန်လွန်းလှရဲ့
လောက ဇာတ်ခုံ ။ ။
No comments:
Post a Comment