ရာသီတွေ အလှည့်ကျနေရာယူနေပုံများ
ဟိုးအထက်ကောင်းကင်မှာ
ငှက်တစ်အုပ်ပျံသန်းသွားတာတောင်
အလွမ်းက လွင့်ကျန်နေခဲ့...
မကြာသေးမီက ကြိုးပျက်သွားတဲ့ ဆောင်းရယ်
ခုတော့ ကိုယ် သိပ်ပူအိုက်နေပါတယ်။
မင်းရှိနေခဲ့တုန်းက ခြုံခဲ့တဲ့စောင်တွေလည်း
ခုတော့ ပြန်ပြန်လျှော်ဖွတ်နေရတာ မောလို့။
မင်းလာမည့် အချိန်တွေကို မျှော်လင့်ရင်း
ခြုံစောင်ကို ဘီရိုထဲ ထည့်သိမ်းထားရတော့မယ်။
လွမ်းတယ် ဆောင်းရယ်....။
No comments:
Post a Comment