“မာန”
မာနတွင် မျက်နှာနှစ်ဖက်ရှိသည်။
တစ်ဖက်၌မိမိကိုယ်ကို အမှန်ထက်ပိုကဲ၍ အထင်ကြီးမှု၊ ဘ၀င်မြင့်မှု၊ မောက်မာမှု၊ ထောင်လွှားမှုတို့ ရှိသည်။
အခြားတစ်ဖက်၌မှု မိမိ၏တန်ဖိုးကိုမိမိသိမှု၊ မိမိကိုယ်ကိုလေးစားမှု၊ ကိုယ့်ကိုကိုယ်ယုံကြည်မှု၊ ဂုဏ်သိက္ခာထိန်းမှုတို့ ရှိသည်။
ပထမမျက်နှာသည် မကောင်းတာအထင်အရှား။ သို့သော် ဒုတိယမျက်နှာကိုကား ကျွန်တော်တို့ လေးစားတန်ဖိုးထားရမည်။
မာနနည်းလွန်းသူများမှာ လောက၌ အောင်မြင်ကြီးပွားရိုးထုံးစံမရှိပေ။ ထို့ပြင်
ငုင်းတို့မှာ မိမိတို့ ဘ၀အခြေအနေကိုလည်းကောင်း၊ မိမိတို့
အလုပ်အကိုင်ကိုလည်းကောင်း၊ မိမိတို့ ကိုယ်ကိုလည်းကောင်း
ကျေနပ်နှစ်သက်နိုင်ခြင်းမရှိသည့် စိတ်ချမ်းသာပျော်ရွှင်မှု
နည်းပါးသူများဖြစ်တတ်ကြသည်။
No comments:
Post a Comment