ညတုန်းကအိပ်မက်အကြောင်းပြောပြ
ရအုံးမယ် သိပ်ပြီးတော့စိတ်ဝင်စားဖို့တော့မကောင်းပါဘူး ဓူဝံကြယ်ပျောက်သွားတဲ့အကြောင်းပေါ့
ဘယ်ချိန်ပျောက်သွားတယ်ဆိုတာဘယ်သူမှ မသိလိုက်ဘူး သူ့သူငယ်ချင်း ကြယ်(7)လုံးကလည်းလိုက်ရှာပါသေးတယ်
လက်ချင်းချိတ်ပြီးတော့ပေါ့ ပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းတာက နေ့ခင်းကအိပ်မက်နဲ့ တစ်ထပ်ထဲဖြစ်နေတယ် ဒီလောက်များတဲ့ကြယ်တွေထဲမှာ
ဘယ်လိုလိုက်ရှာရမှာလဲ ဒါပေမယ့်သူက အခြားကြယ်တွေထက် ပိုပြီးပေါ်လွင်တယ်လေ ဒါဆိုဖြစ်ကောင်းဖြစ်နိုင်ပါတယ် ရှာလို့လွယ်လိမ့်မယ်လို့
ဝမ်းနည်းစရာကောင်းတာက နေ့လည်မက်တဲ့အိပ်ထဲမှာ ရှာလို့မတွေ့ဘူးတဲ့ သူဘယ်ကိုများသွားနေတာလဲ ၀မ်းနည်းသူတွေလည်းဝမ်းနည်းလို့ပေါ့
မြင်နေကြအချိန်မှာမမြင်ရတော့ ပိုပြီး ပူဆွေးသောကရောက်ရတာပေါ့ သူသွားနေကြနေရာလေးတွေ သူထိုင်နေကြကျောက်တုံးလေးတွေ သူရှိတတ်တဲ့
ရေတံခွန်လေးတွေကိုလဲ လိုက်ရှာကြတာပေါ့ အမှောင်ဖုံးလို့ ညအိပ်မက်ထဲမှာလဲ မတွေ့ရတော့ဘူးတဲ့လေ ဒီလိုနဲ့အားလုံးစုရုံးပြီးတော့ တိုင်ပင်ကြရတော့တာပေါ့
ဘယ်လိုလုပ်ကြမလဲလေ ဒါပေမယ် ဘယ်သူမှမစဉ်းတတ်ကြဘူး ဒီလိုနဲ့သန်းခေါင်ယံအိပ်မက်ထဲမှာ
လူတစ်ယောက်ရပ်နေတာကိုသူမြင်နေရတယ် သူ့ဘေးမှာပေါ့ ဒါပေမယ့် မျက်နှာကိုတော့ သဲသဲကွဲကွဲ
မမြင်ရဘူး ဘာကြောင့်လဲဆိုတော့ သူ့လက်ထဲမှာဝင်းလက်နေတဲ့အရာတစ်ခု ကိုင်ထားလို့တဲ့
နောက်တော့ သိလိုက်ပါပြီ ပျောက်သွားတဲ့ဓူဝံကြယ်ကသူ့လက်ထဲကိုရောက်နေတယ်လေ
မေးတာပေါ့ ဘာလို့ဓူဝံကြယ်ကို ယူသွားးရတာလဲလို့ သူများတွေ ဒီလောက်ဝမ်းနည်းပူဆွေးနေကြတာ
တကယ်ဆို မယူသင့်ဘူး ဒါပေမယ့် သူက ပြန်မပြောဘူး သူပြန်မပြောပေမယ့် နှလုံးသားထဲကနေ သိနေ
တယ် ဘာကိုသိလဲဆိုတော့ သူပြောပြတဲ့စကားက နင့်ဖို့ယူလာခဲ့တာ သူတို့ပျော်ရွင်ဖို့ထက် နင်ပျော်ဖို့က
ငါ့အတွက် ပိုအရေးကြီးတယ်လို့လေ။
Uploaded by : ထွန်းခဏ်း
No comments:
Post a Comment