မင်္ဂလာပါခမျာ..ရောက်လာကြသော လာဖတ်သူအားလုံးကို ကြိုဆိုပါတယ်ခင်မျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Friday, March 30, 2012

ထာဝရငြိမ်းချမ်းရာ


အိပ်ပျော်ခြင်းကို

စစ်တိုက်ယူမှ ရမယ်ဆိုရင်

ငါဒီတသက် အနိုင်ရရှိ ပါဦးမလား။

စစ်ရှုံးသွားတဲ့ သူရဲကောင်း တစ်ယောက်ဟာ

ရန်သူသုံ့ပန်းအဖြစ်

အသက်ရှင် ရတာထက်စာရင်

တိုက်ပွဲမှာ သေဆုံးသွားတာက

တဘဝစာမြင့်မြတ်ပါသေးတယ်။

အလွမ်းတွေ မြေမခပေမယ့်

ကြွေကြသွားတာက ငါ့မာန

မဆီမဆိုင် ညဉ်းပမ်းခြင်း တစ်မျိုးနဲ့

ငါ့ဝိဥာဉ်ကို ငါကိုယ်တိုင်

ဒဏ်ခတ်ပစ်လိုက်တယ်။

သွေးအလိမ်းလိမ်းနဲ့

ဘယ်ဘက်ရင်ဝက ဒဏ်ရာကို

လူသူရှေ့ စုပ်သပ်မပြ ချင်တော့ပါဘူး။

လူတွေရဲ့ ထွက်ကျလာမယ့်

ကရုဏာတရားတွေဟာ ငါ့အတွက်တော့

ဓားသွားပေါ်က ပျားရည်စက်လိုပါပဲ။

ပြန်ပေးဆွဲခံရတဲ့ ခါးသက်သက်

အိပ်မက်တွေ ပြန်ရယူဖို့

ငါခရီး ဆက်ရဦးမယ်

ထာဝရ အိပ်စက်ခြင်း

ပန်းတိုင်ဆီကိုပေါ့.....

by-Crazy Dream Lover

No comments: